“အကြောင်းအရင်း ဖြစ်စဉ်ကို ဂဃနဏမသိပေမယ့် ယုန်လေးဘက်ကနေ ရပ်တည်ပြီး အားပေးစကား ပြောလာတဲ့ ထိုင်းမလေး Jessie Vard “

Posted on

ယုန်လေးနဲ့ ထိုင်းနိုင်ငံက မော်ဒယ်လ် သရုပ်ဆောင် Jessie Vard ကတော့ လူမျိုးမတူညီကြပေမယ့် အနုပညာအလုပ်တွေကို အတူတူတွဲဖက်ပြီး လုပ်ကိုင်ဖူးသလို အပြင်မှာလည်း ခင်မင်ရင်းနှီးကြသူတွေ ဖြစ်ပါတယ်။ Jessie Vard က မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား

သရုပ်ဆောင် မော်ဒယ်လ်တစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံအတွက် အလှူအတန်းတွေကိုလည်း ယုန်လေးကနေတဆင့် လှူဒါန်းကုသိုလ်ယူသူလေးပဲ ဖြစ်ပါတယ်။ ယုန်လေးကလည်း Jessie Vard နဲ့ ပက်သတ်ပြီး အကူအညီတွေကိုလည်း ပေးဖူးသူတစ်ယောက် ဖြစ်

ပါတယ်။လက်ရှိမှာတော့ ယုန်လေးက အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း သူ့ရဲ့ သီချင်း MV တစ်ပုဒ်ကြောင့် ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ ထိုင်းမလေး Jessie Vard က ယုန်လေးရဲ့ အကြောင်းအရင်းကို သေသေချာချာမသိပေမယ့် သူ

ချစ်ခင်ရတဲ့ ယုန်လေးအတွက် အားပေးစကားလေး ပြောပြီး စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့တာကို အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ တွေ့မြင်ရပါတယ်။ယုန်လေးနဲ့ Jessie Vard ကတော့ တစ်ယောက်လိုအပ်ချိန်မှာ တစ်ယောက် အဆင်သင့်ရှိပြီး ဖေးမကူညီတတ်တဲ့ မိတ်ဆွေကောင်

းတွေပဲ ဖြစ်ကြပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး လူမှုရေးစိတ်အပြည့်ရှိတဲ့ ထိုင်းမလေး Jessie Vard ကို ဒီထက်မက ပိုချစ်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ

လို့ ဆုတောင်းပေးလိုက်ပါတယ်။

viedo ကြည့်ရန်