စေတနာမှန်တဲ့ ယုန်လေးကိုမှ လုပ်ရက်ကြတယ် ဆိုကာ စိတ်မကောင်းဖြစ်​ကြောင်း ရင်ဖွင့်လာတဲ့ ဟဲဗီးဖြိုး

Posted on

ပရိသတ်ကြီးရေ လေဆာ (6လဆာ)ဆိုတဲ့ကြော်ငြာလေးနဲ့ ပရိသတ်တွေသဘောကျခဲ့ရတဲ့ ကလေးသရုပ်ဆောင်လေးကတော့ ဟဲဗီးဖြိုးပဲ ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း သီချင်းတွေလည်းသီဆိုလျက်ရှိခဲ့ပေမယ့် အချိန်အတော်ကြာ အနုပညာအလုပ်တွေနဲ့

လက်ရှိမှာဝေးကွာနေတာတွေ့ရပါတယ်။ကလေးဘဝထဲက သရုပ်ဆောင်ကောင်းတဲ့ ဟဲဗီးဖြိုးကို ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကြီးမှာ တစ်ဖန်ပြန်တွေ့ခဲ့ရပြီးနောက် ပရိသတ်တွေရှေ့ကို ပြန်လည်ထွက်ပေါ်မလာခဲ့တာ တော်တော်ကြာခဲ့ပြီလို့ဆိုရမှာပါ။ လက်တလောမှာတော့

ဆိုရှယ်မီဒီယာပေါ်မှာဟာသဗီဒီယိုလေးတွေ TikTokလေးတွေနဲ့ ပရိသတ်တွေရှေ့ပြန်လည်ရောက်ရှိလာတာတွေ့ရပါတယ်အမြဲသရုပ်ဆောင်အပိုအလိုမရှိဘဲ အရွယ်နဲ့မလိုက်အောင်တော်လွန်းတဲ့ဟဲဗီ၏ဖြိုးကတော့…..ယုန်လေးကိုဝေဖန်နေကြတာနဲ့ပတ်သက်ပြီး ” ကိုကြီးအတွက်

စိတ်မကောင်းဘူးဗျာ ဘာလို့သူ့လိုစေတနာမှန်နဲ့လုပ်တဲ့သူကိုမှ လုပ်ရက်ကြတယ်ဗျာ ကိုကြီးအနုပညာဖန်တီးမှုကိုကျွန်တော်အရမ်းကြိုက်ပါတယ်ဗျာ”ဆိုတဲ့စာလေးနဲ့ စိတ်မကောင်းဖြစ်ကြောင်းရင်ဖွင့်ခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်

နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။