ပျော်ပျော်ကြီးနဲ့ အူကြောင်ကြောင် ရိုက်ကူးခဲ့ကြတယ် လို့ ပွင့်ပွင့်လင်းလင်း ဒဲ့ပြောလိုက်တဲ့ မြန်မာ့ရုပ်ရှင် အစည်းအရုံး ဥက္ကဌဦးညီညီထွန်းလွင်

Posted on

ယုန်လေးရဲ့ ” စည်းလုံးသင့်ပြီ မြန်မာပြည်” သီချင်းဗီဒီယိုရိုက်ကူးမှုနဲ့ ပက်သက်ပြီး ယနေ့မှာတော့ ရုပ်ရှင်ဥက္ကဌ ဦးညီညီထွန်းလွင်မှ မီဒီယာများ ရှေ့မှောက်မှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ ဦးညီပြောခဲ့တာကတော့ ” အခု ယုန်လေး ရိုက်ကူးတဲ့ ” စည်းလုံးသင့်ပြီ မြန်မာပြည် ” ကလည်

သူစေတနာနဲ့ ရိုက်တာ…သူပြောတာကတော့ ၈၈ အရေးအခင်းဖြစ်တုန်းက သူ ၃ နှစ်သားပဲ ရှိသေးတယ်။ အဲ့အကြောင်းအရာတွေ မမှီလိုက်ဘူး ဘာမှ သူမသိဘူးပေါ့။ သူ့ သဘောသဘာဝက ထူးခြားဆန်းသစ်တာလေးတွေ ကြိုက်တတ်လို့ ရုပ်ရှင်လည်း အဲ့လိုလေးတွေ ရိုက်တတ်တယ်

ပေါ့။ အခု သီချင်းဗီဒီယိုကိုလည်း ဆန်းသစ်ပြီး ရိုက်လိုက်တယ်ပေါ့။သူက ဘယ်သူ့ဆီကမှ အခကြေးငွေယူပြီး ရိုက်တာ မဟုတ်ဘူး။အခု သီချင်းဗီဒီယိုအတွက်ကိုလည်း ယုန်လေးက အပြည့်အဝ တာဝန်ယူပါတယ်ပေါ့။ သူ့မှာ အဖွဲ့အစည်းတစ်ဖွဲ့ဖွဲ့ လူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်

နာစေလိုသောစိတ် မရှိပါဘူး ။ အဲ့ဒီအကြောင်းလေးတွေကို ရုပ်ရှင်အစည်းအရုံး လူကြီးတွေဆီမှာ လာရှင်းပြတာပေါ့ တောင်းပန်တာရယ်လို့လည်း မဟုတ်ပါဘူး။ ယုန်လေးကို ရုပ်ရှင်အစည်းအရုံးက ထုတ်တယ်ဆိုတာ ကောလဟာလတွေပါ။ ထုတ်ရအောင်ကလည်း ယုန်လေးက ရုပ်ရှင်

အစည်းအရုံးဝင်ကို မဖြစ်သေးတာပါ။ ”တေးသံရှင် ယုန်လေးလို အခုလို ထပ်ပြီး ပုံဖော်ရိုက်ကူးချင်တဲ့ သူတွေအတွက်လည်း ဆက်လက်ပြီး ပြောကြားခဲ့ပါတယ်။ ” နောက်ထပ် ယုန်လေးလို ပုံဖော်ရိုက်ကူးချင်တဲ့သူတွေ ရှိရင်လည်း သူ့ကိုသာ ကြည့်ထားကြတော့…စာလေးလည်း ဖတ်ကြ …

Night Club ပဲ တက်မနေကြနဲ့ ပြောရမှာပဲ ။ ဖေ့ဘုတ် သုံးရင်တောင် ဘာဟင်းချက်တယ်တွေ တင်မနေနဲ့ ဖေ့ဘုတ်မှာ စာမှန်မှန် ဖတ်ရင်တောင် သိပါတယ်။ နိုင်ငံကြီးက ဘယ်လို ဖြစ်နေတယ်။အခုဖြစ်သလိုပေါ့ ယုန်လေး ပေးချင်တဲ့ အကြောင်းအရာနဲ့ ခေတ်နဲ့ အံဝင်လား အံမဝင်ဘူးလား

တကယ် ဖြစ်နေတဲ့ မြေပြင်အနေအထားတွေက ဘယ်လိုတွေလဲ သိသင့်တယ်။ ယုန်လေး ကြည့်ရတာက ကလေးတစ်ယောက်ကလေ စိတ်ကူးလေးနဲ့ အဲ့ဇာတ်လမ်းကို တစ်ခါတည်း တည်ဆောက်ထည့်လိုက်တာ တကယ့်နိုင်ငံ့ခေါင်းဆောင် အဓိပတိကိုလည်း ထည့်ရိုက်လိုရိုက်ပေါ့။ သူက

တော့ အရမ်းကို ထူးခြားဆန်းသစ်တယ်လို့ ထင်တာ..ဘယ်လိုတွေ ရိုက်ခတ်လာနိုင်လဲဆိုတာ ဘာမှ သူစဉ်းစားမိပုံ မပေါ်ဘူး။ ”အဆိုပါ သီချင်းဗီဒီယိုထဲမှာ ပါဝင်သီဆို ရိုက်ကူးခဲ့တဲ့ အနုပညာရှင်များနဲ့ ပက်သက်ပြီးတော့လည်း အခုလို ဖြေကြားခဲ့ပါတယ်။ ” လူဆိုတာကတော့ ကိုယ့်ဉာဏ်ရည်

အဆင့်အတန်းနဲ့ ကိုယ်ပဲ .. ကိုယ့်သမိုင်းကြောင်းနဲ့ ကိုယ်ပေါ့…ကိုယ့်လုပ်ရပ်ကပဲ ကိုယ့်ဘဝကို အဆုံးအဖြတ်ပေးသွားမှာ။ တစ်ချို့ ပြောကြတယ် ဘာမှန်းမသိဘူး မနက်သွား ညနေပြန်လာ ရတယ် ရိုက်လိုက်တာပဲ သေနတ်တွေနဲ့တော့ ဝင်ပြစ်တာပဲ ဆိုပေမဲ့ ….ဘာဇာတ်လမ်းရိုက်နေတာလဲ

ဘာလဲတော့ ကြည့်ရမယ်လေ။ တော်တော်များများကတော့ အူကြောင်ကြောင်တွေ များတာပဲ ပြောရရင်တော့ စာမဖတ်တာပဲ ။ ဘာမှန်းကို မသိကြဘူး အူကြောင်ကြောင်နဲ့ ပျော်ပျော်ကြီး ရိုက်ပေးခဲ့ကြတာ ။ အနှစ်ချုပ်အနေနဲ့ လူငယ်တွေ ဖုန်းပဲ ပွတ်မနေကြနဲ့ စာလေးလည်း ဖတ်ကြ..”

ဆိုကာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်မှ ဖြေကြားပေးခဲ့ပါတယ်။