အိမ့်ချစ်တို့ ဇနီးမောင်နှံက အန်တီဝါ့လက်ရာ ခိုတောင်မုန့်တီကိုကြိုက်ပြီး လာရောက်အားပေးတာကြောင့် အရမ်းဝမ်းသာရပါတယ်ဆိုတဲ့ ၀ါဝါအောင်တို့ ဇနီးမောင်နှံ

Posted on

ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ဝါဝါအောင်နဲ့ အကယ်ဒမီအောင်ခိုင်တို့ဇနီးမောင်နှံကတော့ အနုပညာလောကမှာ အရမ်းကိုအတွဲညီတဲ့ ပရိသတ်အချစ်တော်နှစ်ဦးပဲ ဖြစ်ပါတယ်…။ အောင်ခိုင်နဲ့ ဝါဝါအောင်တို့ဇနီးမောင်နှံက ဗီဒီယိုဇာတ်ကားတွေနဲ့

ရုပ်ရှင်ဇာတ်ကားတွေမှာလည်း အတူတူ တွဲဖက်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်…။ အခုချိန်အထိလည်း သူတို့ဇနီးမောင်နှံက ချစ်ချစ်ခင်ခင်နဲ့ လက်တွဲတွေခိုင်မြဲနေကြဆဲ ဖြစ်ပါတယ်…။ လက်ရှိမှာတော့ဝါဝါအောင်အနေနဲ့ သရုပ်ဆောင်အလုပ်

အပြင် ခိုတောင်မုန့်တီပါချက်ပြီး ရောင်းချရင်း အောင်မြင်မှုရရှိနေတာ ဖြစ်ပါတယ်…။ အခုလည်း ဝါဝါအောင်က သူမရဲ့လက်ရာခိုတောင်မုန့်တီကို လာရောက်ဝယ်ယူအားပေးတဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံကြောင့် ဝမ်းသာမိကြောင်း တင်ထားတာ ဖြစ်ပါ

တယ်…။ အောင်ခိုင်ကတော့ အိမ့်ချစ်တို့ဇနီးမောင်နှံနဲ့အတူ အမှတ်တရပုံလေးတွေပါ ရိုက်ကူးခဲ့သေးတာ ဖြစ်ပါတယ်…။ ၀ါဝါအောင်က ” အိမ့်ချစ်တို့ဇနီးမောင်နှံကလည်း အန်တီဝါ့လက်ရာ ခိုတောင်မုန့်တီကို ကြိုက်တယ်ဆိုလို့ အရမ်းဝမ်းသာတယ်

အားပေးတဲ့အတွက် ကျေးဇူးပါနော် 15.7.202″ ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားပြီး တင်ထားတာ ဖြစ်ပါတယ်…။ ကဲ ချစ်ပရိသတ်တွေအတွက် ဝါဝါအောင်တို့ဇနီးမောင်နှံဆီကနေ ခိုတောင်မုန့်တီပွဲတွေ ဝယ်ယူအားပေးခဲ့တဲ့ အိမ့်ချစ်တို့

စုံတွဲရဲ့ပုံရိပ်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်….။