YBS (40)နဲ့ တိုက်မိတဲ့Taxi ဒရိုင်ဘာရဲ့ ကျန်ရစ်သူဇနီးနဲ့ ကလေးတွေအတွက် တက်နိုင်သလောက် ကူညီပေးသွားမယ်ဆိုတဲ့ ဂျွန်လွင်

Posted on

ပရိသတ်ကြီးရေ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ YBS(40) နဲ့ တိုက်မိလို့ Taxi ပေါ်မှာရှိတဲ့ ခရီးသည်(၂)ယောက်နဲ့ Taxi ဒရိုင်ဘာတို့ (၃)ယောက်လုံး အသက်ဆုံးရှုံးခဲ့ရတဲ့ ယာဉ်တိုက်မှုသတင်းကို ပရိသတ်တွေကြားသိပြီးသွားဖြစ်မှာပါ။ ဒီနေ့မှာတော့ ဂျွန်လွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကလေးနှစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ Taxi ဒရိုင်ဘာရဲ့ ဇနီးကို ကူညီမှုတွေပေးသွားမယ့်အကြောင်းကိုဖော်ပြလာခဲ့ပါတယ်။

ဂျွန်လွင်ကတော့ ကလေးနှစ်ယောက်နဲ့ ဒုက္ခရောက်ကျန်နေခဲ့တဲ့ Taxi ဒရိုင်ဘာရဲ့ ဇနီးသတင်းကို သူငယ်ချင်းတစ်ယောက်ကလာပြတာကြောင့် သိရှိခဲ့ရပြီးရင်ထဲမကောင်းဖြစ်ကာ မျက်ရည်ဝဲမိတာကြောင့် တက်နိုင်သလောက်ကူညီဖို့ဆုံးဖြတ်ခဲ့တာပါတဲ့။ဂျွန်လွင်က မတည်အလှူငွေ(၃)သိန်းနဲ့ စေတနာရှင်တွေကလှူဒါန်းတဲ့ငွေတွေကို မနက်ဖြန်မှာ ကာယကံရှင်တွေထံ ဆက်သွယ်ပြီး လှူဒါန်းပေးသွားမှာပါ။

ဂျွန်လွင်ကတော့ အရင်ကတည်းက ဒုက္ခရောက်နေခဲ့တဲ့ သူတွေကို တက်စွမ်းသလောက်ကူညီပေးခဲ့တာဖြစ်ပြီး အခုတစ်ခေါက်မှာလည်း ထပ်မံကူညီပေးခဲ့ပြန်ပါပြီ။ ပရိသတ်ကြီးရေ ဂျွန်လွင်ရဲ့ မွန်မြတ်လှတဲ့ အလှူလေးအတွက် ပရိသတ်ကြီးတွေက ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

CeleGabar